စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ဗီလိန်များကို ကယ်တင်ခြင်း

ဟီးရိုးကာတွန်းစာအုပ်သည် နာမည်ကျော်ကြားလူကြိုက်များသည်။ ၂၀၁၇ တစ်နှစ်တည်း မှာပင် စူပါဟီးရိုး ရုပ်ရှင် (၆)ကား၏ လက်မှတ်ရောင်းရငွေမှာ (၄) ဘီလီယံကျော်သည်။ အသတ်အပုတ်ဇာတ်လမ်းများသည် အဘယ်ကြောင့် လူများကို ဆွဲဆောင်သနည်း။

ထိုဇာတ်လမ်းရုပ်ရှင်များသည် ဘုရားသခင်၏ကြီးမြတ်သောဇာတ်လမ်းကို တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုနေခြင်းကြောင့် ဖြစ်လိမ့်မည်။ ဤဇာတ်လမ်းတွင် ဟီးရိုး(လူစွမ်းကောင်း)တစ်ဦး၊ ဗီလိန် လူဆိုးတစ်ဦး၊ ဒုက္ခရောက်သူနှင့် အာရုံကို ဖမ်းစားသည့် အသတ်အပုတ် စွန့်စားခန်းတို့ ပါဝင်သည်။

ဤဇာတ်လမ်းတွင် လူဆိုးဂိုဏ်းချုပ်ကြီးမှာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရန်သူ စာတန်ဖြစ်သည်။ သို့သော် လက်ပါးစေ လူဆိုးလေးများစွာ ရှိနေသေးသည်။ ဥပမာ - ဒံယေလအနာဂတ္တိကျမ်းရှိ ကမ္ဘာ့နယ်မြေများစွာကို အုပ်ချုပ်သူ၊ သူ့ပုံတူရွှေရုပ်ထုကြီးကို မကိုးကွယ်သူများကို သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသူ နေဗုခဒ်နေဇာမင်းဖြစ်သည် (ဒံ ၃း၁-၆)။ သတ္တိရှိသော ယုဒလူမျိုးအရာရှိသုံးဦးက ရှိခိုး ဦးခိုက်ရန် ငြင်းဆန်သောအခါ (း၁၂-၁၈) ဘုရားသခင်သည် သူတို့ကို မီးတောက်မီးလျှံများမှ…

အစာရှောင်ခြင်း၏ အဓိကအရင်းခံ

ဆာလောင်မှုက ထိုး၍နှိပ်စက်သည်။ ကျွန်ုပ်၏ဆရာက အစာရှောင်လျှင် ဘုရားသခင်ကို အာရုံပြုရန်ပြောသည်။ အချိန်တစ်ဖြည်းဖြည်း ကုန်သွားစဉ် “သခင်ယေရှုက ရက် ၄၀ တောင် ဘယ်လို အစာရှောင်ခဲ့ပါလိမ့်’’ ဟု ကျွန်ုပ်တွေးမိသည်။ ငြိမ်သက်ခြင်း၊ ခွန်အားနှင့် သည်းခံခြင်း၊ အထူးသဖြင့် သည်းခံခြင်းစိတ်အတွက် သန့်ရှင်းသောဝိညာဉ်တော်၌ အမှီပြုနိုင်အောင် ကျွန်ုပ်ကြိုးစားရသည်။

ရုပ်ခန္ဓာက ခံနိုင်ရည်ရှိလျှင် အစာရှောင်ခြင်းသည် ဝိညာဉ်ရေးနှင့်ဆိုင်သောအစာ၏ အရေးပါမှုကို သင်ပြနိုင် သည်။ သခင်ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်’’ (မး၎း၄) ဟု မိန့်တော်မူသည်။ သို့သော် ကျွန်ုပ်လက်တွေ့သင်ယူမိသည်က အစာရှောင်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်နီးအောင် မဆွဲနိုင်ခြင်းတည်း။

အမှန်စင်စစ် ပရောဖက်ဇာခရိအားဖြင့် သူ့လူများကို ဘုရားရှင်မိန့်ကြားသည်မှာ ၎င်းတို့၏အစာရှောင်ခြင်း အလေ့အကျင့်သည် ဆင်းရဲသားတို့အား လုပ်ကျွေးခြင်းမမည်၊ ထို့ကြောင့် အချည်းနှီးဖြစ်သည်ဟု ဆိုသည်။…

မဖြစ်နိုင်သောအရာကိုမျှော်လင့်တမ်းတခြင်း

ဖာနန်ဒိုပက်ဆိုအာ၏ ပေါ်တူဂီကဗျာ“Ode Marítima” တွင် “ဆိပ်ခံဘောတံတားတိုင်းက မဖြစ်နိုင်သော တောင့်တမှုကို ဖော်ပြနေသည်” ဟု ဆိုသည်။ သင်္ဘောသည် သဘောင်္ဆိပ်မှ တဖြည်းဖြည်း ဝေးကွာထွက်ခွာသွားရာ၊ ပက်ဆိုအာ၏သင်္ဘောဆိပ်က ကျွန်ုပ်တို့ခံစားရသည့် စိတ်ခံစားချက်ကို ကိုယ်စားပြုသည်။ သင်္ဘောက ထွက်သွား သည်။ သင်္ဘောဆိပ်က ကျန်ခဲ့သည်။ သင်္ဘောဆိပ်သည် မျှော်လင့်ခြင်း၊ အိပ်မက်၊ ပူဆွေးတမ်းတမှုများကို ကြိတ်မှိတ် ခံနေရသော အမှတ်လက္ခဏာအဖြစ် ကျန်ရှိနေပြီး မိမိ ဆုံးရှုံး သွားသောအရာ၊ မိမိလက်လှမ်းမမီနိုင်သောအရာအတွက် ကျွန်ုပ်တို့ တစစ်စစ်နာကျင်ခံစားရသည်။

“တောင့်တခြင်း”(saudade) ဟူသော စကားလုံးသည် ပေါ်တူဂီ စကားအားဖြင့် အတိတ်ကို တသသလွမ်းဆွတ်နေခြင်း ကို ရည်ညွှန်းပြီး၊ ကျွန်ုပ်တို့၏နက်ရှိုင်းသည့် နာကျင်ခံစားမှုဟု အဓိပ္ပာယ်သက်ရောက် သည်။ ကဗျာဆရာက ရှင်းပြရန်ခက်ခဲသောအရာကို ဖော်ပြနေခြင်းဖြစ်သည်။

နေဗောတောင်သည် မောရှေ၏ “မဖြစ်နိုင်သောတောင့်တမှု” ဟုဆိုနိုင်သည်။ နေဗောတောင်မှ သူလုံးဝခြေချနိုင်မည်မဟုတ်သော ကတိတော်ပြည်သို့…

ဤတဒင်္ဂအချိန်လေးတွင်

ကျွန်တော် လူနာတင်ကားထဲ၌ရှိစဉ် ကားတံခါး ပိတ်လုဆဲဆဲတွင် ကားအပြင်ဘက်တွင် ကျွန်တော့်သားက သူ့မိခင်နှင့်ဖုန်းပြောနေသည်။ ကျွန်တော်၏ ဦးနှောက်၌ ဝိုးတိုးဝါးတား ဖြစ်လျက် သား၏နာမည်ကို လှမ်းခေါ်လိုက်သည်။ “မင်းမေမေကို ပြောလိုက်ပါကွာ။ ဖေဖေသူ့ကို သိပ်ချစ်တယ်လို့” ဟု ကျွန်တော် ဖြည်းညင်းစွာ ပြောလိုက်သည်။

ကျွန်တော် သူ့ကိုခွဲခွာရမည့်အချိန် သေချာ သလောက်ဖြစ်နေပြီဟု ယုံကြည်သည့်အတွက် ကျွန်တော် နောက်ဆုံးနှုတ်ဆက်စကားကို ပြောခိုင်းလိုက်ခြင်း ဖြစ်သည်။ ဤအချိန်အခါလေးသည် ကျွန်တော်အတွက် အမှန်ပင် လုပ်သင့်လုပ်ထိုက်သောအရာပင် ဖြစ်သည်။

သခင်ယေရှုသည် အလွန်ဆိုးဝါးစွာ ဒုက္ခခံစား နေရချိန်တွင် ကျွန်ုပ်တို့ကို ချစ်သည်ဟု ပြောရုံမျှသာ ပြောသည် မဟုတ်ဘဲ အခြားနည်းလမ်းများနှင့်လည်း ဖော်ပြသေးသည်။ သူ့အား ကားတိုင်ထက်တွင် သံမှိုနှင့် ရိုက်နှက်လျက် သရော်သောစကားများဖြင့် စော်ကား မောက်မာသော စစ်သားများကို “အို အဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို…

အမှတ်အသားဆိုရုံမျှထက် သာလွန်သော

သမိုင်းတွင်မည့် အဖွဲ့လိုက်ကစားပွဲ၌ အိုင်အိုဝါတက္ကသိုလ်၏ နာမည်ကျော် ဘတ်စကတ်ဘော ကစားသမား Jordan Bohannon သည် သက်တမ်း ၂၅ နှစ်ရှိပြီ ဖြစ်သော ကျောင်းစံချိန် ကျိုးနိုင်သည့် အလွတ်ပစ်သွင်း ရသည့် ဘောလုံး ဂိုးဝင်အောင် တမင်တကာ မပစ်သွင်းခဲ့ပါ။ အဘယ်ကြောင့်နည်း။ ၁၉၉၃ ခုနှစ်တွင် အိုင်အိုဝါအသင်း ကစားသမား Chris Street သည် အလွတ်ပစ်သွင်းရသည့် ဘောလုံး ၃၄ လုံးကို တစ်လုံးမှ မချော်ဘဲ ပစ်သွင်းနိုင်ခဲ့သည်။ နောက်တစ်နေ့တွင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သည်။ Bohannon က Street ၏ အမှတ်တရအား ဂုဏ်ပြုရန်အတွက် သူတင်ခဲ့သော စံချိန်ကို မချိုးရန် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

Bohannon သည် မိမိ၏အောင်မြင်မှုထက် ပို၍ အရေးကြီးသည့် အကြင်နာမေတ္တာတရားကို ပြသခဲ့သည်။ သူရဲကောင်းငယ် ဒါဝိဒ်ထံမှလည်း အလားတူ…

တိုက်ပွဲ

သူ့အနီးအပါးသို့ ကျလာသည့် အမြောက်ဆန်ကြောင့် မြေကြီးပင် တုန်ခါသွားသည်။ ထိုအခါ စစ်သားလေးက ‘‘ဘုရားသခင်၊ ကျွန်တော့်ကို ဒီအခြေအနေက လွတ်မြောက်ခွင့် ပေးရင် အမေတက်စေချင်တဲ့ကျမ်းစာကျောင်းကို သွားတက်ပါမယ်’’ ဟု အလေးအနက် ဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းကို ဘုရားရှင် ချီးမြှောက်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ကျွန်တော့်ဖခင်သည် အသက်ရှင်ကျန်ခဲ့ပြီး မူးဒီ ကျမ်းစာကျောင်းတက်ကာ ကျန်ရှိသည့် သူ့အသက်တာကို အမှုတော်လုပ်ငန်း၌ ဆက်ကပ်အပ်နှံခဲ့တော့သည်။

အခြားစစ်သူရဲတစ်ဦးသည်လည်း သူ့ကိုဘုရားရှင်ထံတွန်းပို့ခဲ့သည့် အမှုအရေးတစ်ခုကို ကြုံခဲ့ရသည်။ သူ့အဖြစ် ကမူ တိုက်ပွဲကိုရှောင်ခဲ့ရာမှ ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ ဒါဝိဒ်မင်းကြီး၏တပ်များက အမ္မုန်အမျိုးသားများနှင့် စစ်ခင်း
နေချိန်၌ ဒါဝိဒ်မင်းကြီးသည် သူ့နန်းတော်မှနေ၍ အခြားသူ၏ဇနီးကို မျက်စိကျခဲ့သည် (၂ ရာ ၁၁)။ ၃၉ ခု မြောက်သော ဆာလံတွင် ထိုဆိုးရွားသည့် ဒုစရိုက်၏ ရလဒ်ကို နာကျင်စွာ ဖြတ်သန်းပြီး ပြန်လည်နလံထူငြိမ်ဝပ်သည့်အချိန်အထိ ဖြတ်ကျော်ခဲ့ရပုံကို…

အထင်ကြီးအောင်လို့

ကောလိပ်ကျောင်းတစ်ကျောင်းမှ ယဉ်ကျေးမှုဆိုင်ရာ လက်တွေ့လေ့လာရေးခရီးစဉ် တစ်ခုသွားခဲ့ရာ ဆရာက သူ၏စူပါတပည့်တစ်ဦးကို မမှတ်မိသလောက်ဖြစ်သွားခဲ့သည်။ အတန်းထဲတွင် သူသည် သူ၏ဖိနပ်ထဲ၌ ၆ လက်မအမြင့် ဒေါက်ကို ဝှက်၍ ဝတ်ဆင်ပြီး ယခုတွင် ခရီးသွားဘွတ်ဖိနပ်စီးထားရာ သူ့အရပ်က ၅ လက်မခန့် နိမ့်နေသည်။ ‘‘ဒေါက် ကတော့ ကျွန်မဖြစ်ချင်တဲ့ပုံစံ၊ ဘွတ်ဖိနပ်ကတော့ ကျွန်မရဲ့ အရှိအတိုင်းပုံစံပေါ့’’ ဟု ရယ်မောလျက် ပြောရှာသည်။

မိမိ၏ရုပ်ခန္ဓာအသွင်အပြင်က ကျွန်ုပ်တို့ မည်သူ ဖြစ်သည်ကို မသတ်မှတ်ပေးနိုင်ပါ။ စိတ်နှလုံးသာ အဓိက ဖြစ်သည်။ ရုပ်ပိုင်းကို ပြင်ဆင်ခြင်း၌ ဆရာတစ်ဆူဖြစ်သော ဘာသာရေးစူပါစတား ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့ အတွက် သခင်ယေရှုက ပြင်းထန်စွာ မိန့်ကြားသည်။ သူတို့က သခင်ယေရှု၏နောက်တော်လိုက်များသည် ဘာသာရေး ဓလေ့ထုံးစံများ အရ၊ အစာမစားမီ အဘယ်ကြောင့် လက်မဆေးကြသနည်းဟု မေးရာ (မ ၁၅း၁-၂)။ သခင်က…

နေ့တစ်နေ့ မျှသာလော

စာရေးဆရာ ဝီလျံဒီးန် ဟိုဝဲလ်စ်၏ ‘‘နေ့တိုင်းခရစ်စမတ်’’ အမည်ရှိ စာအုပ်သည် နေ့တိုင်း ခရစ်စမတ်ဖြစ်လိုသည့် မိန်းကလေးတစ်ဦး၏ ဆန္ဒပြည့်စုံသွားခြင်း အကြောင်း ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်း၌ ရှည်လျားသော တစ်နှစ်လုံးတွင် လူတိုင်း သကြားလုံးကို မုန်းလာကြသည်။ ကြက်ဆင်များ ရှားပါးလာပြီး အဆမတန် ဈေးနှုန်းဖြင့် ရောင်းချလာကြသည်။ လက်ဆောင်များ တောင်ပုံယာပုံ ဖြစ်လာပြီး လက်ဆောင်ရရှိသည်ကို မည်သူမျှ ကျေးဇူးမတင် ကြတော့ပါ။ လူများတစ်ဦးအပေါ်တစ်ဦး စိတ်သဘောထား ဆိုးလာကြသည်။

ဟိုဝဲလ်စ်၏ ဇာတ်လမ်းမှာ သရော်ထားသောပုံပြင် တစ်ခုသာ ဖြစ်သောကြောင့် ကျေးဇူးတင်စရာပါ။ သခင်ဘုရား၏အကြောင်းကို သမ္မာကျမ်းစာ၌သာ ကျွန်ုပ်တို့ မြင်ရသော်လည်း ခရစ်စမတ်ပွဲတော်ကျင်းပရခြင်း၏ အဓိကအကြောင်းအရင်းသည် ကျွန်ုပ်တို့ကို မငြီးငွေ့စေခြင်း က မယုံနိုင်လောက်သော ကောင်းချီးမင်္ဂလာဖြစ်သည်။

သခင်ယေရှုသည် ခမည်းတော်ထံ တက်ကြွသွားပြီးနောက် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ သခင်ယေရှုသည် မောရှေကြိုတင်ပြောကြားထားသောသူဖြစ်ကြောင်းကို ပရိတ်သတ်အပေါင်းတို့အား တမန်တော်ပေတရု ကြွေးကြော်ခဲ့သည်။…

ခရစ်စမတ်အတွက်မေးခွန်း

ပြက္ခဒိန်ကိုလှန်ရင်း ဒီဇင်ဘာလမရောက်မီကပင် ကျွန်ုပ်တို့၏ မြောက်ပိုင်းမြို့လေးများတွင် ခရစ်စမတ် ပျော်ပွဲရွှင်ပွဲလေးများကို စတင်ကျင်းပကြပါပြီ။ ဆေးခန်းတစ်ခု၌ သစ်ပင်နှင့် ချုံပုတ်လေးများကို ရောင်စုံမီးများနှင့် အလှဆင်ထားရာ ညအချိန်မြင်ကွင်းမှာ ရင်သပ် ရှုမောဖွယ် ကောင်းလှတော့သည်။ အခြားတစ်နေရာတွင်မူ အဆောက်အဦကို ထည်ဝါခမ်းနားသော ခရစ်စမတ်လက်ဆောင်ထုပ်ပုံ ထုပ်ပိုး ဆင်ယင်ထားသည်။ ဘယ်နေရာကြည့်ကြည့် ခရစ်စမတ်ပုံရိပ် ကင်းသည့် နေရာမရှိ၊ အနည်းဆုံးတော့ ခရစ်စမတ်ဈေးကွက် အစပြုပြီဖြစ်သည်။

ဤသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည့် အပြင်အဆင် များကို လူအချို့က သဘောကျသော်လည်း အချို့မှာမူ အပြစ်သာ မြင်သည်။ သို့သော် ခရစ်စမတ်အပေါ် အခြားသူများ၏အမြင်အဓိပ္ပာယ် ဖွင့်ဆိုချက်က အမှန်တကယ် အရေးကြီးသည့်အရာ မဟုတ်ပါ။ ဤသို့ပွဲဆင်နွဲ ကျင်းပခြင်း သည် မိမိအတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို စဉ်းစားဆင်ခြင်သင့်သည်။

သခင်ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၃၀ ကျော်နောက်တွင် သခင်က သူ့တပည့်တော် များအား ‘‘ငါသည်…

အမှားဘက်၌ ရှိနေလား

ဂါနာနိုင်ငံ၌ တက်ချီမင်တံတား ရေစီးနှင့်ပါသွားရာ တန်ဂိုမြစ်တစ်ဘက်ကမ်းရှိ နယူးကရိုဘိုဒေသ၌ နေထိုင်သူများမှာ မည်သို့မျှ ဆက်သွယ်သွားလာ၍ မရဘဲ မြစ်တစ်ဘက်ကမ်း၌ သောင်တင်နေခဲ့သည်။ တက်ချီမင်မြို့ရှိ သင်းအုပ်ဆရာ ဆင်မြူရယ်အပီယာ၏ အသင်းတော်၌ တက်ရောက်သူအများစုသည်လည်း ဒုက္ခရောက် ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မြစ်တစ်ဘက် ကမ်းရှိ နယူးကရိုဘို၌ နေထိုင်ကြခြင်းကြောင့် ဖြစ်သည်။

ထိုအမှုအရေးကြုံချိန်တွင် ဆရာဆင်မြူရယ် က မိဘမဲ့ကလေးဦးရေတိုး၍ လက်ခံရန် အသင်းတော်၏ ကလေးဂေဟာကို တိုးချဲ့ရန် ကြိုးစားအားထုတ်လျက် ဆုတောင်းနေချိန် ဖြစ်သည်။ ထို့နောက် သူ့အသင်းတော်မှ မြစ်တစ်ဘက်ရှိ နယူးကရိုဘို ၌ မိတ်သဟာယ အစီအစဉ်များ ဦးဆောင်ပံ့ပိုး ပေးခဲ့သည်။ မကြာမီတွင် သခင်ယေရှုကို ယုံကြည်လက်ခံသူ လူသစ်များ ဗတ္တိဇံခံယူကြသည်။ သို့နှင့် အသင်းတော်သစ်တစ်ပါး အခြေတည်ခဲ့လေပြီ။ ထိုမျှသာမက နယူးကရိုဘို၌ မိဘမဲ့ကလေးများကို ပြုစု စောင့်ရှောက် နိုင်မည့် အိမ်ဆောက်လုပ်ရန်…